Facebook မှာ မိမိ စိတ်ဝင်စားတဲ့ အကြောင်းအရာ၊ ဆောင်းပါး၊ သတင်း၊
လူပုဂ္ဂိုလ် အစရှိသည်တို့ news feed အဖြစ် တက်လာတဲ့အခါ၊ မိမိမှာ
အချိန်မအားလို့ ဖြစ်စေ ချက်ခြင်း မဖတ်ရှုလိုက်နိုင်ပဲ နောက်မှ ပြန်ရှာတဲ့အခါ
အသစ် အသစ်တက်လာတဲ့ news feed တွေကြောင့် ပြန်လည်ရှာဖွေရတာ
အလွန်ခက်ခဲတာမျိုးကို ကြုံတွေ့ဖူးကြပါလိမ့်မယ်။
Facebook mobile App တွေအတွက် အဲဒီ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ လာမယ့် Update မှာ ထည့်သွင်းလိုက်ပါပြီ။
အဆိုပါ features အသစ်ကတော့ User တွေအနေနဲ့ နောက်ပိုင်းမှာ အလွယ်တစ်ကူ ပြန်လည် ရှာဖွေဖတ်ရှုနိုင်အောင် မိမိသိမ်းဆည်းလိုတဲ့ content, places, movies, TV, music စတာတွေကို သိမ်းနိုင်မယ့် "Save" ကို Facebook App ရဲ့ ညာဖက်ဒေါင့်ရှိ 'More' (>) ထဲမှာ ထည့်သွင်းပေးလိုက်ပါပြီ..
မိမိ save လုပ်ထားတဲ့ အရာတွေကို ပြန်လည် share လုပ်နိုင်ပါတယ် (Default အနေနဲ့ကတော့ private ဖြစ်ပါတယ်)။ ဒါတင်မကသေးပဲ save list ကိုလည်း အမျိုးအစား ခွဲခြား၍ သီးခြားစီ မှတ်သားနိုင်ပါတယ်။ အဆိုပါ Save feature ဟာ အခြားဝန်ဆောင်မှုများဖြစ်တဲ့ 'Pinterest' နဲ့ Reader App တွေမှာ ထည့်သွင်းထားတဲ့ Save လုပ်ထားပြီး နောက်ပိုင်းမှာ ပြန်လည် ဖတ်ရှုဝေမျှနိုင်မယ့် ပုံစံမျိုးကို ယှဉ်ပြိုင်နိုင်အောင် ဖြစ်မယ်လို့ ကောက်ချက်ချမိပါတယ်။
Save လုပ်ထားတဲ့ အရာအားလုံးကို လက်ရှိ Facebook timeline မှာ post တစ်ခုခြင်းစီကို sahre လုပ်နေတဲ့ ပုံစံမျိုးနဲ့ပဲ ဝေငှနိုင်မှာ ဖြစ်ပါတယ်။
ယခု Feature အသစ်ကို iOS, Android နဲ့ Web တွေအတွက် လာမယ့် ရက်အနည်းငယ်အတွင်းမှာ Update အနေနဲ့ ထုတ်ပေးတော့မှာ ဖြစ်လို့ စောင့်မျှော်နိုင်ကြပါပြီ..

Credit To: http://www.moethagyarr.info
0 comments:
Post a Comment