လာရောက်လည်ပတ်သူအားလုံး စိတ်ချမ်းသာပျော်ရွှင်နိုင်ပါစေ

လာရောက်လည်ပတ်သူအားလုံး စိတ်ချမ်းသာပျော်ရွှင်နိုင်ပါစေ

Wednesday, July 30, 2014

SingAlong With GarageBand

iPhone, iPad, iPodTouch အသုံးပြုပြီး Music ကို ဝါသနာကြီးကြတဲ့ မိတ်ဆွေများ... သင်တို့ရဲ့ လက်ထဲမှာ အသံသွင်း စတူဒီယိုကြီးတစ်ခု ရှိနေတယ်ဆိုတာ သတိမှထားမိပါလေစ.. GarageBand ကိုတော့ Apple ရဲ့ နာမည်ကြီး Music creation application တစ်ခုဖြစ်လို့ iOS, Mac OS အသုံးပြုသူ တော်တော်များများ ကြားဖူးကြပါလိမ့်မယ်။

Music ဖန်တီးလိုသူများအတွက် မရှိမဖြစ် ဆောင်ထားရမယ့် App တစ်ခုဖြစ်ပါတယ်၊ Instruments မျိုးစုံပါဝင်တဲ့အပြင် တစ်ကယ့် အပြင်ဖက်က တူရိယာပစ္စည်းများနဲ့လည်း ချိပ်ဆက်ပြီး အသံသွင်းယူနိုင်ပါတယ်။

Audio Mixing လုပ်နိုင်ဖို့ Tracks များကိုလည်း လိုသလောက် ရယူနိုင်ပြီး Echo, Reverb effects များကိုလည်း ထည့်သွင်းပေးထားတာကြောင့် ပိဘိ Audio Mixing software များလောက် မစုံလင်သော်လည်း အပျော်တမ်း ဂီတ ဖန်တီးလိုသူများအနေနှင့် အတော်အတန် ပြီးပြည့်စုံသည်ဟု ဆိုရပါလိမ့်မည်...

GarageBand သည် Music ကို နားလည်ပြီး တူရိယာ တစ်ခုခု (Piano, Guitar) တီးခတ်တတ်သူ တစ်ယောက်အတွက်တော့ အဖိုးမဖြတ်နိုင်သော application တစ်ခုဖြစ်ပါတယ်..
မည်သည့်တူရိယာမျှ မတီးခတ်တတ်သည့်တိုင်အောင် GarageBand ကို အသုံးပြုပြီး သင် အဆိုတော် တစ်ယောက်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။

အဆိုပါ Idea လေးကို ရလာတာ သိပ်မကြာသေးပါဘူး...
GarageBand မှာ ကာရာအိုကေ တီးလုံးနဲ့ သီးချင်းသွင်းယူပြီး ကိုယ်ပိုင် အမှတ်တရ စီးရီးထုတ်နိုင်မယ့် နည်းလမ်းလေးကို တင်ပြပေးလိုက်ပါတယ်..

ယခုဆောင်းပါးလေးကို စာနဲ့အတူ ဗီဒီယို သင်ခန်းစာနှင့် တွဲဆက်၍ ဖတ်ရှုစေလိုပါသည်၊ အချို့အပိုင်းကို စာနှင့်ရေးသားပြီး အချို့အပိုင်းကို ဗီဒီယိုထဲတွင် ဖော်ပြပေးထားပါသည်။

>> နည်းလမ်း<<

ကာရာအိုကေ သီဆိုမှာဖြစ်လို့ ပထမဦးဆုံး မိမိသီဆိုလိုတဲ့ ကာရာအိုကေတီးလုံး ရှိထားရမှာဖြစ်ပါတယ်။
အင်္ဂလိပ်သီချင်း ကာရာအိုကေ တီးလုံးကိုတော့ နေရာတော်တော်များများမှာ ရယူနိုင်ပါတယ်၊ မြန်မာကာရာအိုကေ အတွက်တော့ (myanmarkaraoke(dot)com) မှာ ရယူနိုင်ပါတယ် (Audio file ကို ပြန်ပြောင်းဖို့တော့ လိုပါလိမ့်မယ်)။
အဆိုပါ တီးလုံးသီချင်းကို iTunes Music library ထဲမှတစ်ဆင့် မိမိရဲ့ iDevice ထဲကို ထည့်သွင်းပါ။ (iDevice ရဲ့ Music Library ထဲရောက်မှသာ GarageBand က ဆွဲသုံးနိုင်ပါလိမ့်မယ်)

Jailbreak iDevice များမှာ ကာရာအိုကေတီးလုံးကို iDevice မှ တိုက်ရိုက် တစ်နေရာရာမှ Download လုပ်လိုက်ပါက ရရှိလာသော file ကို (Bridge) သုံးပြီး Music Library ထဲသို့ import လုပ်နိုင်ပါတယ်။

>> Bridge အသုံးပြုနည်း

ကာရာအိုကေတီးလုံး Music Library ထဲမှာ အသင့်ရှိနေပြီ ဆိုကြပါစို့၊ ဖော်ပြပါ ဗီဒီယိုတွင် ဆက်လက်ကြည့်ရှုပါ...



> အလွမ်းရဲ့ည (Karaoke) <



GarageBand နဲ့ အတူ အဆိုကောင်းတဲ့ Online အဆိုကျော်များ မွေဖွားနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်..

HAVE FUN with GARAGE BAND...!!

>> Download GarageBand for iOS
>> Download GarageBand for Mac
Credit To:moethagyar 

0 comments:

Post a Comment