လာရောက်လည်ပတ်သူအားလုံး စိတ်ချမ်းသာပျော်ရွှင်နိုင်ပါစေ

လာရောက်လည်ပတ်သူအားလုံး စိတ်ချမ်းသာပျော်ရွှင်နိုင်ပါစေ

Wednesday, September 10, 2014

Apple New Product (iPHONE 6, 6 PLUS & iWatch)

စက်တင်ဘာ (၉) ရက်နေ့ မနေ့က ပြုလုပ်တဲ့ Apple Enent မှာ iPhone model နှစ်မျိုးနဲ့အတူ iWatch တို့ကို မိတ်ဆက်ပေးသွားခဲ့ပါတယ်။

Live ထုတ်လွှင့်ခဲ့ပေမယ့် အရင်နှစ်များကလို ချောချောမွေ့မွေ့ ကြည့်ရှုခဲ့ရတာမဟုတ်ပါဘူး၊ Apple ရဲ့ peoduct များဖြစ်တဲ့ iOS နဲ့ Mac OS မှာ Safari Browser အသုံးပြုပြီး ကြည့်ရှုနိုင်ခဲ့ပေမယ့် Windows computer များမှာတော့ Safari Browser နဲ့ QuickTime ထည့်သွင်းဖို့ လိုအပ်ခဲ့ပါတယ်...

Apple TV မှာ Apple Event Live ကြည့်ရှုရန် App ထည့်ပေးထားပေမယ့် Live ကြည့်ရှုလို့ မရခဲ့သလို ယခုစာရေးနေချိန်ထိလည်း Replay ပြန်လည် ကြည့်လို့ မရသေးပါဘူး။
Live ထုတ်လွှင့်နေစဉ် တစ်လျှောက်လုံး နောက်ခံ တရုပ်ဘာသာနှင့် ရှင်းပြသံများ၊ ခဏ ခဏ ပြတ်တောက်သွားတဲ့ ထုတ်လွှင့်မှုကြောင့် ကောင်းကောင်းမွန်မွန် အစီစဉ်တစ်ကျ မကြည့်ရှုနိုင်ခဲ့ပါဘူး။

ဒါကြောင့်မို့ မနေ့က Live ထုတ်လွှင့်မှုဟာ Apple ရဲ့ ပြုလုပ်ခဲ့သမျှ ပွဲတွေထဲမှာ အညံ့ဆုံးလို့ ပြောနိုင်ပါလိမ့်မယ်..
ယခု Apple Event မှာ သိရှိရသလောက် Product အသစ်လေးတွေကို Quick Review အနေနဲ့ ရေးသားဖော်ပြပေးလိုက်ပါတယ်..

iPHONE 6 & iPHONE 6 PLUS

iPhone model နှစ်ခုလုံးဟာ လက်ရှိ iPhone 5s ထက် ပိုမိုကြီးမားသော Display ၊ ပေါ့ပါး၍ ပါးလွှာသော ကိုယ်ထည်၊ ပိုမိုမြန်ဆန်တဲ့ A8 Chip ၊ ကြည်လင်ပြတ်သားတဲ့ Retina Display နဲ့ အတူ Desktop အရည်အသွေး ဖြစ်တဲ့ 64-bit Architecture နှင့် ပုံရိပ်လှုပ်ရှားမှုအတွက် M8 Motion Coprocessor တို့နဲ့ အဆင့်မြှင့်တင်ထားပါတယ်။

iPHONE 6
Display မျက်နှာပြင်သည် 4.7 inches ဖြစ်ပါတယ်။

iPHONE 6 PLUS
Display မျက်နှာပြင်ကတော့ 5.5 inches ဖြစ်ပါတယ်။


iPHONE 6
ပါးလွှာမှုမှာ 6.9mm ဖြစ်ပါတယ်။

iPHONE 6 PLUS
ပါးလွှာမှုမှာ 7.1mm ဖြစ်လို့ iPhone 6 ထက် နဲနဲလေး ပိုပြီးထူပါတယ်။



Screen Display သည် ပိုကြီးမားကျယ်ပြန့်လာရုံမျှမကပဲ အရည်အသွေးပါ ကောင်းမွန်လာပါတယ်။
iPHONE 6
1334 x 750 Resolution

iPHONE 6 PLUS
1920 x 1080 Resolution


CAMERA (iPHONE 6 & 6 PLUS)
iPhone ၏ iSight camera ကို Focus Pixels ပါဝင်တဲ့ Sensor အသစ် တပ်ဆင်ထားတဲ့အပြင် Video ရဲ့ လုပ်ဆောင်ချက် အသစ်များကို ဖြည့်စွက်ထားပါတယ်။
60 fps (Frame Per Second) နဲ့ 1080p HD အရည်အသွေး ဗီဒီယိုရိုက်ကူးနိုင်ပြီး slo-mo ဆိုရင် 240 fps နဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။


Faster Wireless
အလွန်မြန်ဆန်တဲ့ LTE download speed ပါရှိပြီး အခြား smartphone များထက် LTE bands များကို support လုပ်နိုင်ပါတယ်။ ဒါကြောင့်မို့ Roam လုပ်နိုင်တဲ့ နေရာဒေသတွေ ပိုများလာပြီး Wi-Fi နဲ့ ချိပ်ဆက်လိုက်မယ် ဆိုရင်တော့ ၃ဆ ပိုမိုမြန်ဆန်လာပါလိမ့်မယ်။


iOS 8
ကမ္ဘာပေါ်မှာ ခေတ်ရှေ့ အပြေးဆုံးဖြစ်တဲ့ iOS 8 Mobile Operating System ကို ထည့်သွင်းထားပြီး လုပ်ဆောင်ချက် အသစ်များ ပါဝင်ပါတယ်။


iWatch




Credit to : Apple

0 comments:

Post a Comment