Ios 6.1.(3,4,5,6) Jailbreak လုပ်နည်းနဲ့ မြန်မာစာ ထည့်နည်းလေးကို အသေးစိပ် ရေးပီးတော့ တင်ပေးထားပါ တယ်
ပထမဆုံး ကျွန်တော် တင်ပေးထားတဲ့ လင့်ကနေပီးတော့ p0sixspwn ဆိုတာလေးကို ကိုယ်သုံးနေတဲ့ computer နဲ့ သက်ဆိုင်ရာကို ဒေါင်းလိုက်ပါပီးရင်တော့ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ ဖုန်းမှာ password ပေးထားရင် ဖြုတ်ထားလိုက်ပါ ခုနဒေါင်းလို့ ရတဲ့ Software လေးကို Computer မှာ Run လိုက်ပါ Detect သိရင် Jailbreak ဆိုတာလေးကို နှိပ်လိုက်ပါ Please Wait Reboot ဆိုရင် ဖုန်းကို ကိုကိုတိုင် reboot ချပေးရပါမယ် reboot ချနည်းလေးကတော့ power နဲ့ home ကို တွဲနှိပ်ထားလိုက်ပါ reboot ကျပီးတော့ ပြန်တက်လာရင် သူအလိုလို အလုပ်ပြန်လုပ်နေပါလိမ့်မယ် ပီးရင် reboot ကျပီးတော့ ပြန်တက်လာရင် jailbreak လုပ်ငန်းစဉ် ပီးဆုံး သွားပါပီ
မှတ်ချက်။ ကွန်ပျူတာမှာ အင်တာနက် ရှိမှ ရမှာနော်
မြန်မာစာ ထည့်နည်းလေးကို ပြောပြပါမယ်
Jailbreak လုပ်ပီးသွားရင် Cydia ဆိုတဲ့ Icon လေးပေါ်လာပါလိမ့်မယ် မိမိ idevices မှာ အဲ့ဒီ အထဲကို ဝင်ပီးတော့ မြန်မာစာ ထည့်ပေးရမှာပါ ပထမဆုံး Cydia ထဲက Sources Tab လေးကို သွားလိုက်ပါ ပီးရင် ညာဘက်ဒေါင့်မှာ ရှိတဲ့ Edit ကို နှိပ်လိုက် ပါ ဘယ်ဘက်ဒေါင့်က add ကို နှိပ်လိုက်ပါ box လေးတစ်ခု ကျလာရင် cydia.macforus.com ဆိုတာလေးကို ရိုက်ထည့်ပေးလိုက်ပါ add source ဆိုတာလေးကို နှိပ်လိုက်ပါ ဒါဆိုရင် ဒေါင်းလုပ် ဆွဲနေပါလိမ့်မယ် အင်တာနက်တော့ ဖွင့်ထားရမယ်နော် ပီးရင် return cydia ဆိုတာလေးပေါ်လာပါပီ ဗျာ ကဲ မြန်မာစာ အတွက် စလုပ်တော့မယ်နော် search tab ကို သွားလိုက်ပါ zawgyi လိုရိုက်ရှာလိုက်ပါ Zawgyi 4.3 Font for ios ဆိုတာလေးကို နှိပ်ပီးတော့ install လုပ်လိုက်ပါ ပီးရင် restart spring board ဆိုတာလေးပေါ်လာ ပါလိမ့်မယ် နှိပ်လိုက်ရင် ဖုန်း က reboot ကျသလိုမျိုးလေး apple ပုံလေးနဲ့ လည်ပီးပြန်တက်လာလိမ့်မယ်နော် အဆင့်ဆင့်ပြန်သွားပီးတော့ mmkeyboard for ios 6+ ဆိုတာလေးကို လည်း အပေါ်က အတိုင်းလိုက်လုပ် လိုက်ပါ spring board ဖြစ်ပီးတော့ ပြန်တက်လာရင် မြန်မာစာ အတွက် ပီးသွားပါပီ ရိုက်ဖို့အတွက်တော့ keyboard ကို enable လုပ်ပေးရပါအုံးမယ် setting>general>keyboard>keyboard>add new Keyboard>czech ဆိုတာလေးကို နှိပ်လိုက်ပါ ပီးရင် စာရိုက်လို့ ရတဲ့ နေရာမှာ ရိုက်ကြည့်လိုက်ပါ မြန်မာစာလေးနဲ့ လန်းသွားပါပီ နားမလည်သူများ comment ရေးပီးတော့ မေးလို့ ရပါတယ် ဗျာ
အားလုံပဲ အဆင်ပြေကြပါစေ
မျှဝေပေးနေရရင် ကျေနပ်သူပါ
0 comments:
Post a Comment