Nokia က Samsung နှင့် ပူးပေါင်းပြီး Here Map ကို Samsung Galaxy
Smartphone များတွင် ထည့်သွင်းပေးမည်ဟု Company နှစ်ခုက ကြေညာပါသည်။
Here Map ကို အခမဲ့ အသုံးပြုနိုင်မည် ဖြစ်သည်။ နှစ်ငံပေါင်း နှစ်ရာ၏ မြေပုံများပါရှိပြီး ကားမောင်းခြင်းနှင့် လမ်းလျှောက်ခြင်းများပြုလုပ်လျှင် နိုင်ငံတစ်ရာအတွက် လမ်းညွှန်မှုများ ပြုလုပ်ပေးမည် ဖြစ်သည်။ အင်တာနက် ကွန်နက်ရှင်ကို အသုံးပြုလျှင် နိုင်ငံများစွာတွင် ကားပိတ်ဆို့မှုများနှင့် လေယာဉ်ခရီးစဉ်များ၏ အချိန်များကို ဖော်ပြပေးနိုင်ပါသည်။
Here Map ၏ အကောင်းဆုံး စွမ်းဆောင်ချက်နှင့် Google Map အသုံးပြုသူများကို စွဲဆောင်နိုင်သည့်အချက်မှာ Offline အသုံးပြုနိုင်သော စွမ်းဆောင်ချက် ဖြစ်ပါသည်။ Here Map ကို အသုံးပြုသူများအနေဖြင့် တည်နေရာညွှန်ပြမှုများကို Offline အသုံးပြုနိုင်ရန် နိုင်ငံတစ်ခုလုံး သို့မဟုတ် နေရာဒေသအချို့ကို ဒေါင်းလုပ် ပြုလုပ်နိုင်ခြင်း ဖြစ်ပါသည်။ Google Map တွင် လည်း မြေပုံဒေတာများကို Offline အသုံးပြုရန် ဒေါင်းလုပ် ပြုလုပ်နိုင်သော်လည်း တည်နေရာညွှန်ပြမှုများကို အင်တာနက် ချိတ်ဆက်မှသာ အသုံးပြုနိုင်ပါသည်။
Here Map သည် မကြာမီက ကြေညာခဲ့သော Galaxy Gear S စမတ်နာရီနှင့် Sync ပြုလုပ်နိုင်ပါသည်။
Samsung နှင့် Nokia တို့၏ ပူးပေါင်းမှုသည် Samsung ၏ Google ၀န်ဆောင်မှုများကို လျှော့ချချင်သည့် လက္ခဏာ တစ်ခု ဖြစ်ပါသည်။ Samsung က စမတ်နာရီများတွင်လည်း Android အစား Tizen OS ကို အစားထိုး အသုံးပြုနေပါသည်။
Samsung က Android Wear အခြေပြု Gear Live စမတ်နာရီ ကို ထုတ်လုပ်ထားသော်လည်း နောက်ဆုံးထုတ် Gear S စမတ်နာရီတွင် Tizen ကို အသုံးပြုထားပါသည်။
Digital Life Journal

0 comments:
Post a Comment