လာရောက်လည်ပတ်သူအားလုံး စိတ်ချမ်းသာပျော်ရွှင်နိုင်ပါစေ

လာရောက်လည်ပတ်သူအားလုံး စိတ်ချမ်းသာပျော်ရွှင်နိုင်ပါစေ

Tuesday, October 14, 2014

Samsung က ငါးဆပိုမြန်သော WiFi နည်းပညာကို တီထွင်နေ

1970596_395585250591174_5329037190709177357_n
Samsung က ယနေ့ခေတ် WiFi နည်းပညာများထက် ငါးဆပိုမြန်သော WiFi နည်းပညာ အသစ်ကို တီထွင်နေသည်ဟု ပြောပါသည်။

Samsung သည် တစ်စက္ကန့်လျှင် 575Mb အမြန်နှုန်း ရှိသော 60GHz WiFi နည်းပညာကို တီထွင်နေပါသည်။ ယနေ့ခေတ် WiFi နည်းပညာသည် အမြန်ဆုံး အနေဖြင့် တစ်စက္ကန့်လျှင် 108MB သာ ရရှိသဖြင့် Samsung ၏ နည်းပညာအသစ်သည် ငါးဆ ပိုမြန်ပါသည်။

Samsung ၏ နည်းပညာသည် 1GB ဖိုင်တစ်ခုကို သုံးစက္ကန့်အတွင်း Device တစ်ခုမှ အခြား တစ်ခုသို့ ကူးပြောင်းနိုင်ပါသည်။

Samsung က သူ၏ နည်းပညာကို ၂၀၁၅ ခုနှစ် အစောပိုင်းတွင် ရောင်းချရန် အစီအစဉ်ရှိသည်ဟု ပြော ပါသည်။ Samsung က သူ၏ နည်းပညာသည် စမတ်အိမ်များနှင့် အင်တာနက် ချိတ်ဆက်နိုင်သည့် Internet of Things Device များအတွက် အလွန် အသုံးဝင်မည်ဟု ပြောပါသည်။

Samsung က 60GHz WiFi သည် ယခင်က သီအိုရီတစ်ခုသာ ဖြစ်ခဲ့ပြီး လက်တွေ့တွင် အကောင်အထည် မဖော်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော အဆိုပါ Signals များသည် နံရံများကို ထိုးဖောက်ရာတွင် ပြဿနာများ ရှိနေခြင်းကြောင့်ဖြစ်ပါသည်။

ယခုမူ အန်တင်နာ အသစ်များနှင့် ဆက်သွယ်မှု ကိရိယာများကို စွမ်းအားဖြည့်ပေးသော နည်းလမ်းများကို တီထွင်ခြင်းဖြင့် Developer များက WiFi နည်းပညာအသစ်ကို အမှန်တကယ် အသုံးပြုနိုင်ရန် တီထွင်နိုင်ပြီ ဖြစ်သည်။

“ Samsung ဟာ 60GHz WiFi နည်းပညာကို စီးပွားဖြစ်ရောင်းချဖို့ အတွက် အခက်အခဲများကို ကျော်ဖြတ်နိုင် ခဲ့ပါပြီ။ အံ့မခန်း နည်းပညာကို ရောင်းချပေးတော့မှာပါ။ “ ဟု Samsung ၏ သုတေသနနှင့် ဖွံ့ဖြိုးမှု ဌာနမှ အကြီးအကဲ Kim Chang ကပြောပါသည်။

Myanmar Digital Life Journal
 
 
အားလုံးပဲအဆင်ပြေကြပါစေ
မျှဝေပေးနေရရင်ကျေနပ်သူပါ

0 comments:

Post a Comment