လာရောက်လည်ပတ်သူအားလုံး စိတ်ချမ်းသာပျော်ရွှင်နိုင်ပါစေ

လာရောက်လည်ပတ်သူအားလုံး စိတ်ချမ်းသာပျော်ရွှင်နိုင်ပါစေ
Showing posts with label iOS. Show all posts
Showing posts with label iOS. Show all posts

Saturday, November 15, 2014

Redeeming iTunes Gift Cards on iPhone, iPad, iPod Touch

iTunes Gift Card Rကို Redeem လုပ်ရာမှာ Appleမှသတ်မှတ်ထားတဲ့ကြိုက်နှစ်သက်ရာ Devices များမှနေ၍ Redeem လုပ်နိုင်ပါတယ်.... Redeem လုပ်တယ် ဆိုတာကတော့ Itune ထဲကနေပီးတော့ Application & IBook & Music တွေကို ဝယ်လို့ရအောင်လို့ ဒေါ်လာ ကဒ်ဖြည့်တာကိုပြောတာပါ ဖုန်းထဲမှာ တိုက်ရိုက်လုပ်တာကိုပြောပြသွားမှာပါ

- iPhone, iPad or iPod touch
- iTunes on your Mac or PC
- Mac App Store
- iBooks for Mac


အခု iDevices များပေါ်ကနေ Redeem လုပ်နည်းအဆင့်ဆင့်ကိုတင်ပြပေးသွားပါမယ်...



၁. မိမိDeviceမှနေ App Store, iTunes Store, iBooks Store ကြိုက်နှစ်သက်ရာတစ်ခုခုကိုဝင်လိုက်ပါ

၂.  အောက်နားကို scroll လုပ်ပြီးဆင်းလိုက်ပါ



 ၃. ထို့နောက်တွင် Redeem ကိုနှိပ်လိုက်ပါ....မိမိRedeemလုပ်မယ့် Apple ID ကိုမေးပါလိမ့်မယ်...ဖြည့်ပေးလိုက်ပါ



၎. ဤနေရာတွင် "Use Camera" နှင့် " You can also enter your code manually" ဆိုတာကိုတွေ့ပါလိမ့်မယ်...Gift Card လက်ဝယ်ရှိသူတွေကတော့ "Use Camera"ကိုရွေးချယ်ပြီး Camera နဲ့ပင် Gift Card မှ Code ကို capture လုပ်ပြီး Redeem ပြုလုပ်နိုင်ပါတယ်......အကယ်၍ Gift Card ကမရှိပဲ Code သာသိရင်တော့ အဆိုပါ "X"နဲ့စတဲ့ Code ၁၆လုံးကိုရေးထည့်ရမှာပဲဖြစ်ပါတယ်




၅. Redeem လုပ်ပြီးမကြာခင်မှာတော့ကိုယ်ဖြည့်ထားတဲ့Account Balance မှာ ကိုယ်Redeem လုပ်ထားသလောက်Credit ပေါင်္လာမှာပဲဖြစ်ပါတယ်....



ဒါဆိုရင်တော့ iDevices များပေါ်မှနေ iTunes Gift Card Redeem လုပ်ခြင်းပြီးဆုံးသွားပြီပဲဖြစ်ပါတယ်








Ebook အနေနဲ့သိမ်းထားချင်ရင်တော့ အောက်မှာ ဒေါင်းလိုက်ပါနော်

 http://iosknowledgebank.blogspot.sg/ မှ ကျွန်တော် သိတာလေးတွေနဲ့ပြန်လည် မျှဝေပေးထားတာပါ





အားလုံးပဲအဆင်ပြေကြပါစေ
မျှဝေပေးနေရရင်ကျေနပ်သူပါ




Monday, November 10, 2014

မိမိတို့ နှစ်သက်ရာ သီချင်းတွေကို iTunes Store အတွင်းမှတိုက်ရိုက် Download ရယူနည်း

IMG_0068


မိမိတို့ နှစ်သက်ရာ သီချင်းတွေကို iTunes Store အတွင်းမှတိုက်ရိုက် Download ရယူချင်သော ဘော်ဘော်ဒါတို့အတွက်ပြန်၇ှယ်ပေးလိုက်ပါတယ် ခင်ဗျ။မိမိတို. ဒေါင်းလိုက်သော သီချင်တွေသည် Music Application သို တိုက်ရိုက်ဝင်သွားပါလိမ်မည်။ iOS 7 & iOS 8 ကို install လုပ်ထားပြီး Jailbreak လုပ်ထားသော iDevices တွေမှာသာ အသုံးပြုလို့ရပါလိမ်မည်။

Jailbreak လုပ်နည်းမသိပါက အောက်ကလင်.တွင် ဝင်လေ့လာပါ။




Jailbreak လုပ်ထားသော iDevices တွင် Cydia ကို ရှာပြီး ဝင်လိုက်ပါ။ Cydia > Sources > Edit > Add လို့ဝင်ပြီး အောက်က REPO ကို ADD  ပေးပါ။


                    http://cydia.myrepospace.com/komin27/




အရင်က ကျွန်တော် Repo ကိုသွင်းဖူးထားသော ဘော်ဒါတွေက  Cydia ကို Refresh လုပ်ပေးပါ။ ပြီးလျှင် Repo link ထည်းကိုဝင်ပြီး အောက်ကရေးပေးထားသော Tweak ကို သွင်းပေးပါ။


iOS 7 User တွေက ကို LinkTunes For iOS 7 ကို install လုပ်ပေးပါ။





iOS 8 User တွေက ကို LinkTunes For iOS 8 ကို install လုပ်ပေးပါ။

IMG_0077

မိမိတို့  iDevices နှင်သက်ဆိုင်သော Tweak ကို သွင်းပြီးပါက iTunes Store ကိုဝင်လိုက်ပါ။ပြီးလျှင် အောက်နားတွင် LinkTunes ကိုရှာပြီး ထပ်ဝင်ပေးပါ။အောက်ကပုံလေးအတိုင်တွေမြင်ရပါလိမ်မည်။ Search တွင် မိမိတို့ ရ.ယူလိုသော အဆိုတော် အမည်ကိုရေးပြီး ရှာလိုက်ပါ။ ကျွန်တော် က အစမ်းသဘောဖြင့် Shakira လို့ရေးပြီး ရှာလိုက်ပါမယ်……………အောက်ကပုံလေးအတိုင်း ပေါ်လာပြီး မိမိ တို.ကြိုက်နှစ်သက်သော သီချင်းကိုရွေးလိုက်ပါ။






မိမိတို့ရှာလိုက်သော သီချင်းကို ဒေါင်းရန်အတွက် လင်.တွေချပေးပါလိမ်မည်။ထို့လင့်တွေထည်းက လင့်တစ်ခုကို ဖိထားပြီး ဘယ်ဘက်သိုဆွဲးလိုက်ပါ။ အစမ်းနားထောင်ရန်နေရာ နှင့် ဒေါင်လုဒ်ဆွဲး ၇န် နေရာ ကို တွေရပါလိမ်မည်။


IMG_0070



ဒေါင်းလုဒ်လင့်တစ်ခုကိုဒေါင်းရာတွင် လင့်သေနေပါက နောက်တစ်ခုပြောင်းပေးပါ။

IMG_0062


ဒေါင်းလုဒ်ဆွဲးလိုက်လျှင် More > Downloads ထည်းကိုဝင်ပြီး မိမိတို့ ဒေါင်းထားသော သီချင်းကို တွေမြင်ရပါလိမ်မည်။ 100% ပြည် လျှင် MUSIC ထည်းသို့ရောက်သွားပါလိမ်မည်။


IMG_0063
IMG_0066




အားလုံးပဲအဆင်ပြေကြပါစေ
မျှဝေပေးနေရရင်ကျေနပ်သူပါ


Credit To:Ko Min

Free Microsoft Office For Ios

 အရင်တုန်းကတော့ Office Software တွေကို Ios မှာ Free သုံးလို့ မရပါဘူး အခုတော့ Microsoft က Free ထုတ်ပေးလိုက်ပါ ပီ ဗျာ Office Software တွေကို မှ သုံးချင်နေတဲ့သူတွေ အတွက်အဆင်ပြေအောင်လို့ မျှဝေပေးလိုက်ပါတယ်


 Microsoft_Office_for_Android.png

Download Free Microsoft Word App for iPhone and iPad
Download Free Microsoft Excel App for iPhone and iPad
Download Free Microsoft PowerPoint App for iPhone and iPad



အားလုံးပဲအဆင်ပြေကြပါစေ
မျှဝေပေးနေရရင်ကျေနပ်သူပါ

Wednesday, November 5, 2014

Pangu v1.2.0 Update For Jailbreak Ios 8

 

ဒီကောင်လေးကတော့ အောက်က Error အားလုံးကို Fix ထပ်လုပ်ပေးထားပါတယ် ဗျာ

Pangu v.1.2.0(2014.11.04)
1. Fix the issue that launchd may drain cpu on 32bit devices.
2. Fix Safari reloading bug and occasionally crash problem.
3. Optimize jailbreak process.
4. Restore function now support iPad Air2/iPad Mini3.
 
 
 
 
အားလုံးပဲအဆင်ပြေကြပါစေ
မျှဝေပေးနေရရင်ကျေနပ်သူပါ

Monday, November 3, 2014

Jailbreak Wizard / Select Your Device

ကျွန်တော် အောက်က ပေးထားတဲ့ လင့်ကနေပီးတော့ ကိုယ်လုပ်ချင်တဲ့ Ios သုံး Devices ကိုရွေးပေးလိုက်တာနဲ့ သူ့ကို ဘယ် Version မှာ ဘယ်လို Jailbreak လုပ်တယ် ဘယ် Tools သုံးပီးလုပ်တယ် ကိုယ်သုံးနေတဲ့ Computer OS နဲ့ ပတ်သတ်တာတွေကို အလွယ်တစ်ကူ ဒေါင်းလို့ရမယ်အလွယ်တစ်ကူ လေ့လာလို့ ရပါမယ်

 



 သွားကြည့်ရမှာပါ



အားလုံးပဲအဆင်ပြေကြပါစေ
မျှဝေပေးနေရရင်ကျေနပ်သူပါ


Saturday, November 1, 2014

How to Jailbreak Your iPhone 6 Plus, 6, 5s, 5c, 5, 4s Using Pangu8 (Windows) [iOS 8.1]

ကဲ ပထမ ဦးဆုံး ကျွန်တော် တင်ပေးထားတဲ့ လင့်ကနေပီးတော့ Pangu8 v1.1.0 ကို ဒေါင်းလိုက်ပါ

 
 
အရင်ဆုံး ပုံထဲမှာပြထားတဲ့ အတိုင်း ဖုန်းကို တစ်ဆင့်ခြင်းဆီ လိုက်လုပ်လိုက်ပါ ခင်ဗျာ Passcode ထားထားရင် ပြန်ဖြုတ်ခိုင်းတာပါ အနက်ရောင်ပြထားတဲ့ အကွက်လေးတွေကို နှိပ်ရမှာပါ Sign Out လုပ်တဲ့ အခါမှာ Apple ID ရဲ့ Password သိမှ ရမှာပါ

 

ကဲနောက်တစ်ခုက Find My Phone ကို On ထားတယ် ဆိုရင် ပြန်ပိတ်ပေးရမှာပါအောက်မှာ ပုံပြထားပါတယ် ခင်ဗျာ

 

 

ပီးရင်နောက်တစ်ဆင့်တော့ ဖုန်းမှာ AirPlane Mode ကို On ထားရမှာပါ ဘယ်လိုလုပ်ရမယ်ဆိုတာကို ပုံနဲ့တကွ ပြထားပါတယ် 

   

ပီးရင်တော့ ခုနက ဒေါင်းထားတဲ့ Pangu Software လေးကို ဖွင့်လို့ ရပါပီ ခင်ဗျာ
 ပီးရင် အဲ့ကောင်လေးကို Double Click နှိပ်ပီးတော့ ဖွင့်လိုက်ပါ ဖုန်းကို ကွန်ပျူတာနဲ့ ကြိုးထိုးလိုက်ပါ

  

 အားလုံးပီးရင် Start Jailbreak ကို နှပ်လို့ ရပါပီ ဗျာ

 

ဒီကောင်လေးကတော့ အပေါ်မှာ ကျွန်တော်တို့ လုပ်ခဲ့တာတွေကို သတိပေးတာပါ အားလုံးလုပ်ပီးပီဆိုရင် Already Did ကို နှိပ်လိုက်ပါ 

 

Jailbreak ကို စတင်လုပ်ဆောင်နေပါပီ ဗျာ

 

 

Jailbreak လုပ်ငန်းစဉ် ပီးဆုံးသွားပါပီ ဖုန်းက Reboot ကျပီးတော့ ပြန်တက်လာရင် Cydia & Pangy Icon လေးနှစ်ခုပေါ်လာပါပီ ခင်ဗျာ

 



ကဲ အဆင်ပြေစွာနဲ့ Jailbreak လုပ်ငန်းစဉ်ကို ပီးဆုံးသွားပါပီခင်ဗျာ


အားလုံးပဲအဆင်ပြေကြပါစေ
မျှဝေပေးနေရရင်ကျေနပ်သူပါ




 



Pangu Update English Version 1.1.0 For Jailbreak Ios 8

Pangu Windows 

Ios 8 ကို Jailbreak လုပ်ဖို့အတွက် Pangu Team ကနေပီးတော့ Update လေးထုတ်ပေးလိုက်ပါပီ ဗျာ အရင်တုန်းက Cydia ကို manually သွင်းရပါတယ် ဒီကောင်လေးမှာတော့ Cydia ကိုပါတစ်ခါတည်း ထည့်ပေးထားပီးပီလို့ပြောပါတယ် ဗျာ ကျွန်တော် မစမ်းရသေးပဲနဲ့ တင်ပေးလိုက်ရလို့ပါ တောင်းပန်ပါတယ်
English Version လေးပါ မျက်စိမရှုပ်တော့ဘူးပေါ့ ဗျာ Jailbreak လုပ်တဲ့ အချိန်မှာ Airplane Mode ကို On ထားပေးရပါမယ်

A new screen in Pangu 1.1. It is suggested that Airplane mode is enabled during the jailbreak

Original Link


အောက်က ကျွန်တော် ပြန်တင်ပေးထားတဲ့ Solidfiles Link လေးပါ



အားလုံးပဲအဆင်ပြေကြပါစေ
မျှဝေပေးနေရရင်ကျေနပ်သူပါ

Friday, October 24, 2014

iOS 8+ Jailbreak and Install CYDIA

iOS 8 နှင့် 8.1 တင်ထားသူများအတွက် Jailbreak ကို Pangu မှ ထုတ်ပေးလိုက်ပါပြီ၊ ပထမဆုံး ထွက်လာတဲ့ version 1.0.0 မှာ Jailbreak သာ လုပ်နိုင်သော်လည်း Cydia ပါမလာသေးတဲ့အတွက် အလုပ်မဖြစ်ခဲ့ပါဘူး။

ဒီနေ့တော့ Pangu version 1.0.0 ကို ပြန်လည် ရုပ်သိမ်းသွားခဲ့ပြီး Cydia ကို install လုပ်နိုင်မယ့် version 1.0.1 ကို ထပ်မံ ထုတ်ပေးလိုက်ပါတယ်၊ ယခုအချိန်ထိတော့ Windows အတွက်သာ ရရှိသေးပြီး Mac အတွက်တော့ မကြာမီ ထုတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..

iOS 8 & 8.1 အတွက် Pangu Jailbreak ဟာ Untether jailbreak အမျိုးအစားဖြစ်ပြီး Jailbreak လုပ်ပြီးသွားတဲ့အခါမှ Cydia ကို သီးသန့် ထပ်မံသွင်းယူရမှာ ဖြစ်ပါတယ်။
iOS 8 & 8.1 သွင်းယူထားသော အောက်ပါ iDevice များအတွက် Jailbreak ပြုလုပ်နိုင်ပါတယ်။
  • iPhone 6, iPhone 6 Plus, iPhone 5s, iPhone 5c, iPhone 5, iPhone 4S
  • iPad Air, iPad 4, iPad 3, iPad 2
  • iPad mini, Retina iPad mini
  • iPod touch 5G


**Jailbreak အတွက် လိုက်နာ ပြင်ဆင်ရန်**

- Jailbreak မပြုလုပ်မီ iDevice ၏ passcode ကို အရင်ဖြုတ်ပေးထားပါ။ (Settings -> General -> Passcode Lock On -> Turn Passcode Off)

- Pangu jailbreak သည် iOS 8/8.1 ကို OTA update (Over-The-Air) Device မှ တိုက်ရိုက် update လုပ်ထားခဲ့ပါက မအောင်မြင်နိုင်သည့်အတွက်၊ Device ကို iTunes နှင့် ချိပ်ဆက်ကာ iOS 8.1 ကို ကျကျနန update လုပ်ထားဖို့ လိုပါမည်။

- မိမိရဲ့ Data များကို iTunes, iCloud တို့နှင့် BackUp လုပ်ထားပါ။

- iTunes version သည် latest version ဖြစ်ထားရပါမည်။

အထက်ပါအချက်လက်များ ပြည့်စုံသွားပြီ ဆိုပါက စတင်နိုင်ပါပြီ..


>> Download Pangu Jailbreak for iOS 8 & 8.1 (Windows)

လုပ်ငန်းစဉ်

၁) Download လုပ်ခဲ့သော Pangu exe file ကို Right click ခေါက်ပြီး "Run as Administrator" ရွေးပြီး ဖွင့်ပါ။

၂) Program တက်လာသည့်အခါ ဘယ်ဖက်နားရှိ "PP" ဟု ဖော်ပြထားသည့် Box ကို အမှန်ခြစ်ဖြုတ် (uncheck) လုပ်ကာ အပြာရောင် "Jailbreak" button ကို နှိပ်ပါ။


၃) ယခုအခါ Jailbreak လုပ်နေသည်ကို မြင်နေရပါပြီ။ ကြားထဲတွင် အမှတ်အားပြထားသောနေရာ အပြာရောင် ပေါ်လာပါက တစ်ချက်နှိပ်ပေးရန် လိုအပ်ပါသည်။


၎) Device တွင် Restore လုပ်နေသည့် ပုံစံမျိုး မြင်တွေ့နေရပြီး jailbreak လုပ်နေစဉ် device သည် မကြာခဏ အလိုလျှောက် Reboot လုပ်နေပါမည်။ Jailbreak လုပ်ငန်းစဉ် တစ်ခုလုံးအတွက် အချိန် ၅-၁၀ မိနစ်ခန့် ကြာမြင့်ပါလိမ့်မည်။

၅) Jailbreak လုပ်ငန်းစဉ် ပြီးဆုံးသွားသည့်အခါ Device တွင် Pangu App ကို တွေ့ရပါလိမ့်မည်၊ ဒါဟာ Jailbreak ဖြစ်သွားပြီဆိုတဲ့ အမှတ် သင်္ကေတပါ။



ဲJailbreak ပြုလုပ်ခြင်း အဆင့်များ အောင်မြင်စွာ ပြီးဆုံးပါပြီ...
Cydia ကို ဆက်လက် သွင်းယူကြပါဦးစို့...

Insatll OpenSSH

၁) Cydia ကို install လုပ်နိုင်ရန် ပထမဦးစွာ Home screen ရှိ Pangu App ကို ဖွင့်လိုက်ပြီး "OpenSSH" ကို နှိပ်ပါ။


၂) ထို့နောက် Install လုပ်ပါ။



Cydia အတွက် မရှိမဖြစ် လိုအပ်သော .deb file နှစ်ခုကို အောက်တွင် Download လုပ်ထားပါ။

>> cydia-lproj_1.1.12_iphoneos-arm.deb
>> cydia_1.1.13_iphoneos-arm.deb

**Cydia သွင်းယူရန် လိုအပ်ချက်များ**

မိမိ Device နှင့် Computer နှစ်ခုစလုံးသည် တူညီသော Same Wi-Fi connection တွင် ချိပ်ဆက်ထားရမည်။
WinSCP software သွင်းယူထားရန် လိုအပ်သည်။ မရှိပါက..

>> Download WinSCP


**Cydia ကို သွင်းယူခြင်း လုပ်ငန်းစဉ်**

၁) iPhone, iPad.. ၏ Settings -> Wi-Fi သို့သွားကာ "i" ကို နှိပ်ပြီး IP Address ကို မှတ်သားပါ။



၂) Computer တွင် WinSCP ကို Run ပါ။

၃) Host name တွင် မှတ်ထားခဲ့သော IP Address ကို ဖြည့်ပါ။ User name တွင် root ဖြစ်ပြီး Password တွင် alpine ဟု ရိုက်သွင်းပြီး Login နှိပ်ပါ။


၎) ချိပ်ဆက်သွားပြီး အောက်ပါပုံအတိုင်း browser တက်လာပါက၊ ဘယ်ဖက်အခြမ်းတွင် .deb file သိမ်းထားသော path ကိုရှာပြီးထားပါ။
ညာဖက်တွင် root folder လမ်းကြောင်းကို ဝင်ထားပါ။


၅) ထို့နောက် ဘယ်ဖက်က .deb file နှစ်ခုလုံးကို ရွေးပြီး ညာဖက်အခြမ်းထဲသို့ Drag & drop ဆွဲထည့်လိုက်ပါ။ (password တောင်းလာပါက alpine)


၆) ကီးဘုတ်က Ctrl + T ကိုနှိပ်ပါက ပုံပါအတိုင်း command box တက်လာပါမည်။


၇) Enter command: line ထဲတွင် အောက်ပါ စာကြောင်းကို ကူးယူ၍ ထည့်ပြီး တစ်ခါ Enter ခေါက်ပါ။
dpkg -i cydia-lproj_1.1.12_iphoneos-arm.deb


၈) Enter command: line ထဲက ပထမစာကြောင်းကို ဖျက်ပြီး အောက်က စာကြောင်းကို ကူးယူ ထည့်ပြီး နောက်တစ်ခါ Enter ခေါက်ပါ။
dpkg -i cydia_1.1.13_iphoneos-arm.deb


၉) iDevice ကို Reboot/Restart လုပ်ပါ

၁၀) Device ပြန်တက်လာသောအခါ Cydia icon ကို Home screen တွင် မြင်ရပါလိမ့်မည်။



ယခုဆိုရင် iOS 8 - 8.1 ကို Jailbreak လုပ်ပြီး Cydia ထည့်သွင်းခြင်း လုပ်ငန်း ပြီးမြောက်သွားပါပြီ... အားလုံး ချောမွေ့ကြပါစေ..


Credit To: http://www.moethagyarr.info/

အားလုံးပဲအဆင်ပြေကြပါစေ
မျှဝေပေးနေရရင်ကျေနပ်သူပါ