လာရောက်လည်ပတ်သူအားလုံး စိတ်ချမ်းသာပျော်ရွှင်နိုင်ပါစေ

လာရောက်လည်ပတ်သူအားလုံး စိတ်ချမ်းသာပျော်ရွှင်နိုင်ပါစေ

Saturday, November 15, 2014

Ooredoo က အင်တာနက် Package Plan နှုန်းထားများကို လျှော့ချ

  http://www.commaspaces.com/wp-content/uploads/2014/07/%D8%A7%D9%88%D8%B1%D9%8A%D8%AF%D9%88-1728x800_c.jpg
 
 
Ooredoo ၏ မိုဘိုင်းအင်တာနက် Package Plan များကို ယနေ့မှ စတင်လျှော့ချလိုက်ပြီ ဖြစ်သည်။ ယခင်က 1GB လျှင် ၁၂၀၀၀ ကျပ် နှင့် Facebook သုံးစွဲခွင့် 600 MB အခမဲ့ရရှိသော Plan အစား 1GB လျှင် ၆၉၀၀ ကျပ်နှင့် 2GB လျှင် ၁၂၉၀၀ ကျပ်သာ ကျသင့်တော့မည်ဖြစ်ကြောင်း Ooredoo Myanmar ဆက်သွယ်ရေးကုမ္ပဏီက သတင်းထုတ်ပြန်လိုက်သည်။


ယခုပြောင်းလဲ လျှော့ချလိုက်သော 1GB နှင့် 2GB အစီအစဉ်များတွင် Facebook သုံးစွဲခွင့် 600 MB ပါရှိတော့မည်မဟုတ်ပေ။


ထို့အပြင် အပတ်စဉ် အသုံးပြုနိုင်သည့် Weekly Plan များမရှိတော့ဘဲ Daily Plan တွင် တစ်ရက်လျှင် ၃၉၀ ကျပ်ဖြင့် အင်တာနက် အသုံးပြုနိုင်ခွင့် 50 MB ရရှိမည်ဖြစ်သည်။ လစဉ်အသုံးပြုနိုင်သည့် Monthly Plan တွင် တစ်လလျှင် ၃၉၀၀ ကျပ်ဖြင့် အင်တာနက် 500 MB အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။
 
 
 
 
 
အားလုံးပဲအဆင်ပြေကြပါစေ
မျှဝေပေးနေရရင်ကျေနပ်သူပါ

0 comments:

Post a Comment