လာရောက်လည်ပတ်သူအားလုံး စိတ်ချမ်းသာပျော်ရွှင်နိုင်ပါစေ

လာရောက်လည်ပတ်သူအားလုံး စိတ်ချမ်းသာပျော်ရွှင်နိုင်ပါစေ

Saturday, November 15, 2014

Ooredoo က နိုင်ငံတကာဖုန်းခေါ်ဆိုခနှုန်းထားများကိုလည်း ထပ်မံလျှော့ချပေး

 
Ooredoo Myanmar ဆက်သွယ်ရေး ကုမ္ပဏီသည် ဖုန်းခေါ်ဆိုခနှုန်းထားများနှင့် မိုဘိုင်းအင်တာနက်အသုံးပြုခ Package Plan နှုန်းထားများကို အသီးသီးလျှော့ချပြီးနောက်တွင် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခများကိုလည်း ထပ်မံလျှော့ချလိုက်ပြီ ဖြစ်သည်။


ယခုလျှော့ချလိုက်သည့် Ooredoo ၏ နိုင်ငံ ၄၆ နိုင်ငံသို့ဖုန်းခေါ်ဆိုခများတွင် အချို့သော နိုင်ငံများသို့ခေါ်ဆိုခများသည် ယခင် သတ်မှတ်နှုန်းထားများထက် ပိုမိုသက်သာသွားပြီး အချို့နိုင်ငံများကို အနည်းငယ်လျှော့ချပေးထားသည်။


Ooredoo ၏ ဆက်သွယ်ရေးကွန်ရက်မှ နိုင်ငံတကာမိုဘိုင်းဖုန်းများသို့ ဖုန်းခေါ်ဆိုမည်ဆိုပါက ၀၀ (သုည သုည) (သို့မဟုတ်) အပေါင်းလက္ခ ဏာ (+) ခံပြီးနောက် ခေါ်ဆိုမည့်နိုင်ငံ၏ ကုဒ်နံပါတ်နှင့် ရှေ့ဆုံးမှ ၀ (သုည) မပါပဲ ခေါ်ဆိုနိုင်ကြောင်းသိရသည်။


နိုင်ငံတကာ လိုင်းဖုန်းများသို့ Ooredoo ၏ မိုဘိုင်းဖုန်းများမှ တဆင့်ခေါ်ဆိုမည်ဆိုပါက ၀၀ (သုည သုည) (သို့မဟုတ်) အပေါင်းလက္ခဏာ (+) ခံပြီးနောက် ခေါ်ဆိုမည့် နိုင်ငံ၏ ကုဒ်နံပါတ်နှင့် နယ်မြေဒေသ၏ နံပါတ်၊ မိမိခေါ်ဆိုလိုသည့် လိုင်း ဖုန်း နံပါတ်ကို နှိပ်ပြီးခေါ်ဆိုနိုင်မည်ဖြစ်သည်။
 
 
 
 
 
အားလုံးပဲအဆင်ပြေကြပါစေ
မျှဝေပေးနေရရင်ကျေနပ်သူပါ

0 comments:

Post a Comment